ACAE International School

ကျောင်းမှထောက်ပံ့မှုများ

+95 1 557 126

ကျောင်းစာကြည့်တိုက်

အကပညာရှင်(သို့မဟုတ်)အာကာသယဉ်မှုး၊ဒိုင်နိုဆော(သို့မဟုတ်) မင်းသမီးလေးများအကြောင်း မည်သည့်အရာပင်ဖြစ်စေကာမှု ကလေးငယ်များ​၏ စိတ်ကူးဉာဏ် များသည်သာပင် အရေးကြီးဆုံးအလေးထားရမည့်အရာတစ်ခုဖြစ်ပါသည်။သဒ္ဒါမှန်ကန်မှု၊ စာလုံးပေါင်းသက်ပုံ၊ ဖန်တီးစာပေများတီထွင်ရေးသားနိုင်စေရန်အတွက် ငယ်စဉ်အရွယ်မှစတင်၍ စာဖတ်ခြင်းအလေ့အထကိုထိတွေ့မိတ်ဆက်ပေးရန်လိုအပ်ပါသည်။ ထို့ကြောင့်ကျွန်မတို့ကျောင်းတွင်လည်းဆိတ်ငြိမ်အေးချမ်းသည့်စာဖတ်ရန်နေရာတစ်ခုကိုပြုလုပ်ဖန်တီးပေးထားခြင်းဖြစ်ပါသည်။ကျွန်မတို့ACAEတွင်ဩစတေးလျနိုင်ငံမှမှာယူထားသော နောက်ဆုံးပေါ် စာအုပ်များကို ဖတ်ရှုနိုင်စေရန် စီစဉ်ထားပါသည်။
သဒ္ဒါမှန်ကန်မှု၊ စာလုံးပေါင်းသက်ပုံများ၊ စာပေအရေးအသား ဖန်တီးမှုစသည်တို့ကို စာဖတ်ခြင်း အလေ့အထဖြင့် မိတ်ဆက်ထိတွေ့ပေးနိုင်ရန် ဩစတေးလျနိုင်ငံမှ မှာယူထားသောစာအုပ်များကို ACAE စာကြည့်တိုက်တွင် ဖတ်ရှုနိုင်ပါသည်။

အစားအစာကျွေးမွေးမှုအစီအစဉ်

ပြေးမည်။ခုန်မည်။ တွယ်တက်ကစားကြမည်။ နေ့စဉ်ဘဝများတွင် ကလေးများ အတွက် ကျန်းမာ သန်စွမ်း၍ ပျော်ရွှင်သွက်လက်စွာ လှုပ်ရှား ဆောင်ရွက်နိုင်စေရန်နှင့် ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှု ရှိစေနိုင်စေရန် အာဟာရပြည့်ဝ၍ သန့်ရှင်းလက်ဆက်သော အစားအစာများရရှိနိုင်ရန်မှာ အလွန်ပင် အရေးပါလှသည်။ ကျွန်မတို့ ACAE ကျောင်းတွင် ကလေးများ အားလုံးအတွက် မနက်စာ၊ နေ့လည်စာ နှင့် ညနေအဆာပြေမုန့်စားချိန် တို့တွင့် အစားအစာများပံ့ပိုးပေးထားပါသည်။ အစားအစာများတွင် လိုအပ်သော ဗိုက်တာမင်နှင့် သတ္တုဓာတ် ကြွယ်ဝမျှတစေရန် အထူးဂရုပြုစီစဉ်ထားပြီး ကလေးငယ်များ ကျန်းမာသော အစားအစာ စားသုံးခြင်းအလေ့အထ တစ်ခုကို ထိတွေ့သိရှိနိုင်ရန် ဖန်တီးပြုလုပ်ထားပါသည်။