ACAE International School

Special Needs Class

+95 1 557 126

smaple page

အထူးစောင့်ရှောက်မှုလိုအပ်သောကလေးငယ်များ အတန်း (Special Needs Class) တွင်သင်ယူလေ့လာမှုနှောင့်နှေးမှုရှိသော ပေါင်းသင်းဆက်ဆံမှုနှင့် စိတ်ပိုင်းဆိုင်ရာ နေ့စဉ်နေထိုင်မှုအပြုအမူများ စနစ်တကျမရှိနိုင်သေးသောကလေးငယ်များအတွက်ရည်ရွယ်သော အတန်းတစ်တန်းဖြစ်ပါသည်။ ကျွန်မတို့ကျောင်းသည် ကလေးငယ်တစ်ဦးစီ၏ လိုအက်ချက်များနှင့်ကွဲပြားခြားနားမှုရှိခြင်းများကို ဂရုစိုက်ကြည့်ရှုသည့်အပြင် ကလေးငယ်များအတွက် လွတ်လပ်မှု၊ ပေါင်းစည်းမှု၊ အောင်မြင်သောပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာလာမှုရှိစေရန်၊ မြင့်မားတိုးတက်အောင်မြင်သောသင်ယူမှုနှင့် လူမှုဆက်ဆံရေးများ၊ ထိုကလေးများတွင် တိုးတက်ပြောင်းလဲလာစေရန် လမ်းညွှန်သင်ကြားပေးမည်ဖြစ်ပါသည်။
ACAE ကျောင်းတွင် ကျွမ်းကျင်တတ်မြောက်၍ အသိအမှတ်ပြုလက်မှတ်များကိုင်ဆောင်ထားသော ဆရာ၊ ဆရာမများမှ ကလေးများလိုအပ်သော ပံ့ပိုးထောက်ပံ့မှုများ၊ အထူးစောင့်ရှောက်မှုများစသည့် မည်သည့်လိုအပ်ချက်ကိုမဆို ပံ့ပိုးသင်ကြားပေးနိုင်ရန် အပြည့်အ၀ယုံကြည်မှုရှိပါသည်။

သင်ကြားရေးအစီအစဉ်များ
အောက်ဖော်ပြပါကလေးများအတွက်ရည်ရွယ်၍ဖွင့်လှစ်ထားသော အတန်းဖြစ်ပါသည်။

ကလေးတစ်ဦးစီ၏လိုအပ်ချက်များ၊ ခြားနားချက်များကို သုံးသပ်ကြည့်ရှု၍ ပိုမိုအထူးပြုကြည့်ရှုစောင့်ရှောက်မုပေးရန် လိုအပ်မှုရှိသောကလေးငယ်များအတွက် တိုးတက်ပြောင်းလဲမှုရရှိစေရန်